အမေရိကန်ထောက်လှမ်းရေး CIA က တရုတ်၊ မြောက်ကိုရီယားနှင့် အီရန်တို့တွင် သူလျှိုရှာဖွေနေ


(နိုင်ငံတကာ) အောက်တိုဘာ ၃

အမေရိကန်၏ ဗဟိုထောက်လှမ်းရေးအေဂျင်စီCIA သည် တရုတ်၊ မြောက်ကိုရီယားနှင့် အီရန်တို့တွင် သူလျှိုများရှာဖွေနေကြောင်းသိရသည်။

CIA အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာများတွင် တရုတ်၊ ဖာစီနှင့် ကိုရီးယားဘာသာများဖြင့် ကြေညာခေါ်ယူထားသည်။

X၊ Facebook၊ YouTube၊ Instagram၊ Telegram နှင့် LinkedIn ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် လူတစ်ဦးချင်း၏ နာမည် တည်နေရာနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များအား တောင်းဆိုထားသည်။

အမေရိကန် ထောက်လှမ်းရေးသည် ရုရှား ယူကရိန်းပဋိပက္ခတွင် ၎င်းတို့ထံတွင် အမှုထမ်းရန်စည်းရုံးမှုများအောင်မြင်ခဲ့သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

မြောက်ကိုရီးယား၊ အီရန်နှင့် တရုတ်တို့သည် အမေရိကန်၏ ထိပ်တန်းစောင့်ကြည့်မှု အဆင့်အဖြသ်သတ်မှတ်ထားသည့်အတွက် ယခုကဲ့သို့ နိုင်ငံသစ္စာဖောက်များအား စောင့်ကြည့်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အဆိုကြေညာချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံအချို့က ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိခဲ့ပြီး တရုတ်သံတမန်တစ်ဦးက အမေရိကန်အနေဖြင့် အမေရိကန် အနေဖြင့် စနစ်တကျ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုတစ်ရပ်ကို လုပ်ဆောင်နေကြောင်း ဝေဖန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN