အစိမ်းရောင် ရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ ရှင်းလင်းသတ်ဖြတ်ခံရ


(ပြည်တွင်း) အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက်ချိုပင်ကျေးရွာအုပ်စု၊ လက်ပံသာကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးနှင့် ဝန်းရံသူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လက်ပံသာကျေးရွာနေ ဦးလှကျော်၊ အသက် ၆၅ နှစ်၊(ဘ)ဦးကြည်မောင်နှင့် ဦးလှငွေ၊ အသက် ၆၀ နှစ်၊ (ဘ)ဦးကြည်မောင်တို့ ညီအစ်ကို ၂ ဦး နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးလှငွေမှာ သေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဦးလှကျော်အား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

သေဆုံးသူ ဦးလှငွေမှာ(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)ဖြစ်ပြီး ဦးလှကျော်မှာ ပါတီဝန်းရံအားပေးသူဖြစ်ကြောင်း၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေ မကောင်း သဖြင့် လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် PDF များက ငါန်းဇွန်မြို့နယ်အနောက်ခြမ်း၌ အစိမ်းရောင် ရှင်းလင်းရေး ဟူသောခေါင်းစဉ်ဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များကို ရှင်းလင်းသတ်ဖြတ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN