ဒေါနတောင်လမ်းဟောင်း ချောက်ကပါး နှင့် အလည်ဗိုလ်တဲကြားတွင် (၁၀)ဘီးကုန်ကား တစ်စီး လမ်းဘေး ပေ ၁၀၀ ခန့်အောက်သို့ ထိုးကျနေ


(ပြည်တွင်း) အောက်တိုဘာ ၃

ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ဒေါနတောင် လမ်းဟောင်း ချောက်ကပါး နှင့် အလည်ဗိုလ်တဲကြားတွင် (၁၀)ဘီးကုန်ကား တစ်စီး လမ်းဘေး ပေ ၁၀၀ ခန့်အောက်သို့ ထိုးကျနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

ကော့ကရိတ်၊ ဒေါနတောင်လမ်းဟောင်း ချောက်ကပါး နှင့် အလည်ဗိုလ်တဲကြားတွင် (၁၀)ဘီးကုန်ကားတစ်စီး ကားနံပါတ် 4B – 4002 ကား Accident သည် လမ်းဘေး ပေ ၁၀၀ ခန့်အောက်သို့ ထိုးကျပြီး ယာဥ်မောင်း အမျိုးသားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မှာ ယာဥ်နောက်မပါရှိပဲ ကားအတွင်း သေဆုံးသူ ယာဥ်မောင်းမှာ ကားနှင့် ပိနေသဖြင့် ကားဆွဲမပြီးမှသာ ကားယာဥ်မောင်း ရုပ်အလောင်း အားထုတ်ယူ၍ ရမည်ဖြစ်ကြောင်း သိရသည်။

ယာဥ်မောင်း နှင့် ပက်သက်သော ကားအုံနာ နှင့် ကားယာဥ်မောင်းမိသားစုသိရှိစေရန် ယခု Post ကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။

Telegram»…
https://t.me/positiveanglenews

PAN