ဒိန်းမတ်နှင့် ဆွီဒင်တို့ရှိ အစ္စရေးသံရုံးများအနီးတွင် ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများဖြစ်ပွား

(နိုင်ငံတကာ) အောက်တိုဘာ ၃

     ဒိန်းမတ်နိုင်ငံနှင့်ဆွီဒင်နိုင်ငံတို့၏ မြို့တော်များရှိ အစ္စရေးသံရုံးများအနီး၌ ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားသည်ဟု နှစ်နိုင်ငံစလုံးမှ ရဲတပ်ဖွဲ့များက အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

      ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ရှိသည့် အစ္စရေးသံရုံးအနီး၌ အောက်တိုဘာလ ၂ ရက် နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားရာ ထိုကိစ္စနှင့်ပတ်သက်၍ လူသုံးဦးကို ဖမ်းဆီးထား သည်ဟု ဒိန်းမတ်ရဲတပ်ဖွဲ့က ထုတ်ပြန် ထား သည်။ လူနှစ်ဦး ကို ကိုပင်ဟေဂင်ဘူတာကြီးရှိ မီးရထားတစ်စင်းတွင်လည်း ကောင်း၊ ကျန်တစ်ဦးကို မြို့ထဲတွင် လည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

      အလားတူ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထားသော ပစ်ခတ်မှုတစ်ခုသည် အောက်တိုဘာလ ၁ ရက် ည ၆ နာရီမထိုးမီတွင် ဖြစ် ပွားသည်ဟု ဆွီဒင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ် နှစ်ခုလုံးတွင် ထိခိုက်ဒဏ် ရာရရှိသူ တစ်ဦးမျှမရှိသည်ကို တွေ့ရသည်။

     ကိုပင်ဟေဂင်မြို့၌ ဖြစ်ပွားသော  ပေါက်ကွဲ မှုများနှင့် အစ္စရေးသံရုံးတို့ကြား ဆက်စပ်မှု ရှိ၊မရှိကို အတိ အကျမပြောနိုင်သေးကြောင်း၊ သို့သော် ရဲတပ်ဖွဲ့အနေ ဖြင့် သံရုံးနှင့်အနီးကပ်ဆက်ဆံ၍ ဆွေးနွေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကလည်း စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ဟန်ဆန်း က ပြော သည်။

      ဆွီဒင်၌ ဖြစ်ပွားသောပစ်ခတ်မှုတွင်မူ အစ္စရေးသံရုံးအဆောက်အအုံကို ထိမှန်မှုများရှိကြောင်း၊ ရဲ တပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို လုပ် ဆောင်နေကြောင်းနှင့် လက်ရှိအချိန်အထိ ဖြစ်စဉ်နှင့်ပတ် သက်၍ မည်သူ့ကို မျှ ဖမ်းဆီးထားနိုင်ခြင်း မရှိသေးသော်လည်း သတင်းအချက် အလက်များရရှိထားပြီဖြစ်ကြောင်း ဆွီဒင်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရေဘက္ကာလန်းဘာ့ က ပြောသည်။

#PAN