ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ် သက်၍ အသိပေး

(ပြည်တွင်း) အောက်တိုဘာ ၃

     ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုး ရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားများ ထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အမှတ်(၃၂/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုကာ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

      ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ် ပုံတင်လက်မှတ် ရယူထားသူသည် အမိန့်အမှတ် (၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင် ပြခွင့် ပြုချက် ရယူရမှာဖြစ်ပါတယ်။

      အဆိုပါ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ် ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်ရယူထားတဲ့ TRUST Entertainment သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ဆင်ဆာမူနှင့်ငြိစွန်းသည့် ဗီဒီယိုဖိုင်တစ်ဖိုင်ကို လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒါ့ကြောင့် TRUST Entertainment ကို စည်းမျဉ်း စည်း ကမ်းများမလိုက်နာသဖြင့် ၎င်း၏လုပ်ငန်းလုပ် ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းထားပြီး တည်ဆဲ ဥပဒေများနှင့် အညီအရေးယူနိုင်ရေး စိစစ်လျက်ရှိပါတယ်။

       ဒါ့ကြောင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ် ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံတင် ပြနိုင်ရေးနှင့် လုပ်ငန်း လုပ် ကိုင်ခွင့် မှတ်ပုံတင်လက် မှတ်ရယူထားခြင်းမရှိတဲ့သူများအနေနဲ့လည်း ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင် ကားများ ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရပါတယ်။

#PAN