Jackpot ဆုကြီးအပြင် အခြားမဲပေါင်းများစွာ ပါဝင်သည့် အောင်ဘာလေအွန်လိုင်းထီကို 5 Digit အွန်လိုင်းကို အောက်တိုဘာလ ၁၅ ရက်တွင်စတင်ကံစမ်းနိုင်မည်


(ပြည်တွင်း) အောက်တိုဘာလ ၂

အွန်လိုင်းထီကို 5 Digit စနစ်ဖြင့် တစ်လလျှင် ၂ ကြိမ်ဖွင့်လှစ်မည့်အပြင် Jackpot ထီစနစ်ဖြင့်ပါ အောက်တိုဘာလ ၁၅ ရက်မှ စတင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနမှ အသိပေးထုတ်ပြန် ထားပါတယ်။

အွန်လိုင်းထီစနစ်ကို အက္ခရာတစ်လုံး၊ ဂဏန်း ၆ လုံး၊ ထီတစ်စောင် ကျပ် ၁၀၀၀၊ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀ ဖြင့်သာ တစ်လတစ်ကြိမ်ဖွင့်လှစ်ပေးနေရာမှ မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော အွန်လိုင်းထီစနစ် 5 Digits အောင်ဘာလေအွန်လိုင်းထီအဖြစ် တစ်လ ၂ ကြိမ် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

5 Digit အောင်ဘာလေအွန်လိုင်းထီမှာ အက္ခရာ(၁)လုံးနှင့် ဂဏန်း(၅)လုံးပါဝင်သော ထီအမျိုးအစားဖြစ်ပြီး ထီလက်မှတ်များကို လစဉ် ၁ ရက်မှ ၁၄ ရက်အထိ တစ်ကြိမ်၊ ၁၆ ရက်မှ လကုန်ရက်မတိုင်မီ ၁ ရက်အလိုထိ တစ်ကြိမ် စုစုပေါင်းတစ်လလျှင် ၂ ကြိမ် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ထီဖွင့်ပွဲကို လတစ်လ၏လဆန်း(၂)ရက်နှင့် လဝက် (၁၆)ရက်တိုတွင် ပြုလုပ်‌ပေးသွားမည်ဖြစ်ကာ (၂)ပတ်လျှင် (၁)ကြိမ် ထီဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Jackpot ထီဆုကြီး ပါဝင်လာမည်ဖြစ်ပြီး Jackpot ထီဆိုသည်မှာ 5 Digits အောင်ဘာအွန်လိုင်းထီ၏ အမြင့်ဆုံးထီဆုဖြစ်ပြီး ကံထူးရှင်ထွက်ပေါ်လာနိုင်ရန် (၃)ကြိမ်တိတိ ဖွင့်လှစ်ပေးမှာြဖစ်ပါတယ်။

ကံထူးရှင် ထွက်ပေါ်လာခြင်းမရှိသေးပါက နောက်တစ်ကြိမ်ထီဖွင့်ပွဲမှာ အဆိုပါ ဆုငွေကို ပေါင်းထည့်ပေးသွားမှာ ဖြစ်ပါတယ်။ Jackpot ထီဆုငွေများကို ထီဖွင့်လှစ်သည့် အကြိမ်ရေ ၆ ကြိမ် (၃ လ)အထိ ဆောင်ရွက်ပေးသွားပြီး ၆ ကြိမ် မြောက်တွင် Jackpot ထီဆုကြီးအား ၃ ကြိမ်မဟုတ်ဘဲ ပေါက်မဲနံပါတ် ထွက်ပေါ်လာသည်အထိ ဖွင့်လှစ် ရွေးချယ် ပေးသွားမည့် အပြင် ယူနစ်ဆုနှင့် နှစ်သိမ့်ဆုများကို ပေါက်မဲနံပါတ် မထွက်ပေါ်လာမချင်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်လို Aung Bar Lay အက်ပလီကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN