ဥရောပနိုင်ငံကြီးများက အီရန်၏ အစ္စရေးအပေါ်တိုက်ခိုက်မှုအား ရှုတ်ချ


(နိုင်ငံတကာ) အောက်တိုဘာ ၂

ဥရောကပနိုင်ငံကြီးများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနှင့် ဥရောပသမဂ္ဂသည် အီရန်၏ အစ္စရေးအပေါ်တိုက်ခိုက်မှုအား ရှုံ့ချခဲ့ကြောင်းသိရသည်။

အီရန်တိုက်ခိုက်မှုဖြစ်ပေါ်နေချိန်တွင် ဗြိတိန်ခေါင်းဆောင် Keir Starmer က အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း Starmer ၏ ရုံးမှ ထုတ်ပြန်ထားပြီး အီရန်အနေဖြင့် အပြစ်မဲ့ အစ္စရေးများအား အန္တရာယ်ပြုရန်ကြိုးပမ်းမှုနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများအား အရှိန်မြင့်ရန်ကြိုးပမ်းမှုအား ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပြင်သစ်ဝန်ကြီးချုပ်နှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး အီးယူသံတမန်များကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN