အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းသင့်ကြောင်းပြော


(ပြည်တွင်း) အောက်တိုဘာလ ၂

စက်တင်ဘာလ ၂၈ ရက်က ဆီးဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(ဗဟို)ရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနဲ့ အသင်းသား စုံညီအစည်း အဝေးအတွင်း အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသန်းဦး က အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ တစ်ခုအတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်လေးတွေက ဆက်ပြီးကြိုးပမ်းသင့်တယ်လို ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြုရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကြိုးပမ်းလာတာဖြစ်ပြီး မူကြမ်းကို လွှတ်တော်မှာ တင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း အနေနဲ့ သတင်းစာတွေမှာ အများပြည်သူကို ချပြခဲ့တယ်လို သိရပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)အနေနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခု၊ ခရိုင် ၈ ခုနဲ့မြိုနယ်ပေါင်း ၃၉ မြိုနယ်မှာ အသင်းခွဲတွေ အဆင့်ဆင့်ဖွဲ့စည်း ထားပြီး ဖြစ်တယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN