ယူရီးယားမြေသြဇာဈေးနှုန်းကို သတ်မှတ် ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်


(စီးပွားရေး) အောက်တိုဘာ ၂

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တောင်သူများအဓိကသုံးစွဲနေသည့် မြေသြဇာ ၄ မျိုးအတွက် ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။

သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအနေဖြင့် ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၇,၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါရည်ညွှန်းဈေးမှာ ဒေသအလိုက် သယ်ယူစရိတ်တွေအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်သော်လည်း ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်သည်ဟု မြန်မာနိုင်ငံ မြေသြဇာ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ အသိပေးထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN