တောင်စွန်းကုန်ထုတ်စခန်းအဝင် တံခါးကင်းအား အကြမ်းဖက်သမားများမှ ချောင်းမြောင်းပစ်ခတ်


(ပြည်တွင်း) အောက်တိုဘာလ ၂

ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်း အဝင်တံခါးကင်းအား အကြမ်းဖက်သမားများမှ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ်တွင် အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင်းသည် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ဂိတ်နှင့် ၁ ဖာလုံအကွာခန့်သာရှိသော စိမ့်စမ်းမြိုင်ဘုန်းကြီးကျောင်းဘက်မှ ချောင်းမြောင်းပစ်ခတ်ခဲကြကြေင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကပ်ပယ်အိတ်အား ဖောက်ဝင်ကာ ယာတင်ပါး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အကြမ်းဖက်သမားများဆုတ်ပြေးရာနောက်သို့ လိုက်လန်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN