ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်နေပြီး စိုးရိမ်ရန်မရှိဟုဆို


(ပြည်တွင်း) အောက်တိုဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်နေပြီး စိုးရိမ်ရန်မရှိဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း (၁၂)ခုရှိရာ အောက်တိုဘာ ၂ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၂၈)ပေ ကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ (၀ ဒမသ ၁၃)ပေ တိုးလာကြောင်း သိရသည်။

အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ် စောင့်ကြပ်စစ်ဆေးလျက်ရှိပါကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေညာထားသည်။

Telegram»…
https://t.me/positiveanglenews

PAN