Fox (Disney) က အာရှအမျိုးသမီးစစ်သူကြီးဇာတ်လမ်းတွေကို ရှာဖွေနေကြောင်း သတင်းထွက်


(နိုင်ငံတကာ) အောက်တိုဘာ ၁ ရက်

Fox(Disney) ဟာ အာရှသူ အမျိုးသမီးစစ်သူကြီး အကြောင်းရိုက်ဖို့ ဇာတ်လမ်းတွေရှာဖွေနေကြောင်း သတင်းထွက်လာခဲ့ပါတယ်။ Disney က Mulan ကဲ့သို့ အမျိုးသမီးစစ်သူကြီး ဇာတ်လမ်းကိုသာ ရိုက်ခဲ့ဖူးပါတယ်။

အာရှဒေသများမှာ အမျိုးသားတွေနဲ့အတူ စစ်တိုက်ခဲ့တဲ့ အမျိုးသမီးတွေ အများကြီးရှိတာကြောင့် အဆိုပါ အမျိုးသမီးများ၏ ဇာတ်လမ်းကို ရိုက်ကူးရန်စိတ်ဝင်စားနေခြင်း ဖြစ်ပါတယ်။

အဲ့ဒီဇာတ်လမ်းတွေထဲမှာ Mulan ဟာ နာမည်အကြီးဆုံးဖြစ်ခဲ့ပြီး Wonhwa(ကိုရီးယား)၊ Ginchiyo Tachibana(ဂျပန်)တို့ကလည်း ကျော်ကြားခဲ့သော အမျိုးသမီးစစ်သူကြီးဇာတ်လမ်းများ ဖြစ်ပါတယ်။

Disney အနေနဲ့ မဟုတ်ပဲ FOX အနေနဲ့ ရိုက်ကူးမှာဖြစ်တာကြောင့် ရိုက်ကူးဖြစ်ခဲ့ပါက ကာတွန်းအနေနဲ့ မဟုတ်ပဲ Live Action အနေနဲ့ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN