“အစ္စရေးက လက်ဘနွန်တွင် ဟားမတ်စ်ခေါင်းဆောင်ကို ချေမှုန်းလိုက်နိုင်ကြောင်း အတည်ပြု”

(နိုင်ငံတကာ) စက်တင်ဘာ ၁


အစ္စရေးစစ်ဘက်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ လုပ်ဆောင်သည့် စစ်ဆင်ရေးအတွင်း လက်ဘနွန် နိုင်ငံဆိုင်ရာ ဟားမတ်စ်ခေါင်းဆောင်ကို ချေမှုန်းလိုက်နိုင်သည်ဟု စက်တင်ဘာလ ၃၀ ရက်တွင် အတည်ပြုထုတ် ပြန်ထားသည်။

ဟားမတ်စ်ခေါင်းဆောင် ဖာတာရှားရစ်သည် အစ္စရေးစစ်ဘက်က စက်တင်ဘာလ ၃၀ ရက်တွင် လုပ်ဆောင်သော ရာရှီဒီစခန်းအပေါ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၎င်း၏ဇနီး၊ သားနှစ်ဦးနှင့်အတူ သေဆုံးသွားခြင်း ဖြစ်ကြောင်း လက်ဘနွန်စစ်ဘက်သတင်းအရင်းအမြစ်များက ပြောသည်။


အစ္စရေးစစ်ဘက်အနေဖြင့် လက်ဘနွန်အပေါ်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်သည့်အချိန်နောက်ပိုင်း တွင် ထိုစခန်းမှာ ပထမဆုံးအကြိမ်အဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း လက်ဘနွန် အမျိုးသား သတင်းဌာန က ဖော်ပြထားသည်။

အစ္စရေးနိုင်ငံသည် ဂါဇာဘက်မှနေ၍ လက်ဘနွန်ဘက်ကို စစ်မျက်နှာဖွင့်နေ ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုများတွင် ဟစ်ဇဘိုလာခေါင်းဆောင်၊ အီရန်နိုင်ငံမှ IRGC ထိပ်တန်းခေါင်းဆောင်တစ်ဦးနှင့် ယခုနောက်ဆုံး လက်ဘနွန်နိုင်ငံဆိုင်ရာ ဟားမတ်စ်အဖွဲ့မှ ခေါင်းဆောင်တို့ကို ချေမှုန်းလိုက်နိုင်သည်။

အစ္စရေး အနေဖြင့် ထိုသို့ ချေမှုန်းလိုက်နိုင်သော်လည်း ဒေသတွင်း၌ ပဋိပက္ခများပိုမိုမြင့်တက်လာဖွယ်သာ ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။


#PAN