ယင်းမာပင်ခရိုင်းမှ PDF အင်အား ၈၀ ဦး KIA အဖွဲ့ထံ စေလွှတ်


(ပြည်တွင်း) အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အကြမ်းဖက် PDF အင်အား ၈၀ ဦးခန့်သည် KIA အကြမ်းဖက်အဖွဲ့ထံ စေလွှတ်အကူညီပေးရကြောင်း မြေပြင်သတင်းများ အရသိရသည်။

ယင်းမာပင်ခရိုင်အတွင်း PDF တပ်ရင်း ၁၆ ခုရှိရာ တပ်ရင်းတစ်ခုလျှင် ၅ ဦးနှုန်းဖြင့် လူဦးရေ ၈၀ ခန့် KIA အကြမ်းဖက်အဖွဲ့ထံသို့ စက်တင်ဘာ ၂၈ ရက်နေ့က စစ်ကူသွားရောက် ရကြောင်း ဒေသခံများထံမှသိရသည်။

ယင်းမာပင်ခရိုင် အကြမ်းဖက်ခေါင်းဆောင် ဗိုလ်သံမဏိအမည်ခံမှ KIA သို့စေလွှတ်ပြီး ပြန်လာလျှင် လက်နက်တပ်ဆင်ပေးမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

KIA အခြေစိုက်လှုပ်ရှားနေသော ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်ချေမှုန်းလျှက်ရှိရာ အကြမ်းဖက် KIA စုဖွဲ့နေရာများ၊ စခန်းများကို လေကြောင်းပစ်မှတ်ရယူ၍ စတင်ဘာ လဆန်းပိုင်းမှစ၍ ချေမှုန်းရှင်းလင်းလျှက်ရှိရာ KIA နှင့်အကြမ်းဖက် PDF စုဖွဲ့နေရာဖြစ်သော ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာအနီးကို ယမန်နေ့က လေကြောင်းဖြင့် ရှင်းလင်းခံရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN