နာမည်ကျော် မင်းသမီးကြီး Maggie Smith ကွယ်လွန်


(နိုင်ငံတကာ) အောက်တိုဘာ ၁ ရက်

ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှ ပါမောက္ခ မက်ဂေါ်နဂယ် အနေနဲ့ သရုပ်ဆောင်ထားခဲ့တဲ့ နာမည်ကျော် မင်းသမီးကြီး မဂ္ဂီစမစ် ဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

မဂ္ဂီဟာ ငွေရောင် ပိတ်ကားပေါ်မှာ ဆယ်စုနှစ်ပေါင်း ၇ ခုကျော် ဆေးစက်ကျရာ အရုပ်ထင်ခဲ့ပြီး အနုပညာသက်တမ်းတစ်လျှောက်မှာ အော်စကာ ၂ ဆု၊ BAFTAs ၅ ဆု၊ Emmy ၄ ဆု၊ Tony တစ်ဆုနှင့် အခြားဆုပေါင်းများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။

Triple Acting Crown ရရှိခဲ့တဲ့ မင်းသမီးအနည်းငယ်ထဲတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဆုံးပါးအချိန် မှာ ၈၉ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN