ဒေါ်နယ်ထရမ့် ရှုးလျှင် ယခုရွေးကောက်ပွဲက အမေရိကန်အတွက် နောက်ဆုံးရွေးကောက်ပွဲဖြစ်မည်ဟု အီလွန်မက် သတိပေး


(နိုင်ငံတကာ) အောက်တိုဘာ ၁

ယခုရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ရှုးနိမ့်ခဲ့ပါက ထိုရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံသားများ အတွက် နောက်ဆုံးရွေးကောက်ပွဲဖြစ်လာမည်ဟု နည်းပညာကုမ္ပဏီများ၏အကြီးအကဲ အီလွန်မက် က သတိပေး လိုက်သည်။

ဒီမိုကရက်တစ်ပါတီက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရေး ကတိပေးခြင်းအားဖြင့် ယိမ်းလွယ်သောပြည်နယ်များတွင် ၎င်းတိုအတွက်ထောက်ခံမှုကို ရရှိခဲ့လျှင် အမေရိကန် နိုင်ငံသည် တစ်ပါတီနိုင်ငံသာဖြစ်တော့မည်ဖြစ်ကြောင်း အီလွန်မက်က ပြောထားခြင်းဖြစ်သည်။

ဒီမိုကရက်တစ် ပါတီမှ သမ္မတကိုယ်စားလှယ်လောင်းဖြစ်သည့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်က ဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်သည်ဟု အကြိမ်ကြိမ်ပြောထား သော်လည်း တကယ်တမ်းတွင် ဟဲရစ်ပြောဆိုချက်၏ ပြောင်းပြန် သာ အမှန်ဖြစ်ကြောင်း အီလွန်မက် က ဆက်ပြောသည်။

အကယ်၍ တစ်နှစ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအယောက် ၂၀ အနက်တစ်ဦးသာ နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဆိုပါက လေးနှစ်အတွင်း တရားမဝင်မဲပေးခွင့်ရသူ နှစ်သန်းရှိလာပြီ ဖြစ်ကြောင်း၊ လက်ရှိအစိုးရ လက်ထက်မှာပင် နိုင်ငံသားဖြစ်ခွင့်ရသည့် ရွှေ့ပြောင်းနေထိုင်သူ ကိုးသန်းအထိ ရှိထားကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ ပြောင်းရွှေ့နေထိုင်သူများမှ နိုင်ငံသားဖြစ်လာသူများ၏မဲပေးမှုဖြင့် ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးတွင် ဗိုလ်ကျလွှမ်းမိုးမှုရှိသော ပါတီဖြစ်လာတော့မည်ဖြစ်ကြောင်းနှင့် အမေရိကန်သည် တစ်ပါတီအာဏာရှင်စနစ်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း အီလွန်မက် က သတိပေးထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရ သည်။

Telegram»…
https://t.me/positiveanglenews

PAN