တာချီလိတ်မြို့လျှပ်စစ်ဓာတ်အားခ သတ်မှတ်ရက်ကျော်လွန် ဒဏ်ကြေးပေးဆောင်ရခြင်းအတွက် ကင်းလွတ် ခွင့်ပြု


(ပြည်တွင်း) အောက်တိုဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာမှာ သတ်မှတ်ရက်ထက်ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရခြင်းကို စက်တင်ဘာလတစ်လတာအတွက် ကင်းလွတ် ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်မီးလင်းရေးဦးဆောင်ကော်မတီက အသိပေးထားပါတယ်။

ယခုလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေကြီးရေလျှံဖြစ်ပွားခြင်းရဲ့ နောက်ဆက်တွဲများအနေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်နေရာအချို့မှာ ရွှံ့နွှံများနှင့်အပျက်အစီးများ ရှိနေဆဲဖြစ်ပြီး သွားလာရေးအတွက် အခက်အခဲ များဖြစ်ပေါ်နေခြင်းကြောင့် ဓာတ်အားသုံးစွဲသူများ ဓာတ်အားခ လာရောက်ပေးဆောင်ရာမှာ သွားလာရေး အခက်အခဲများရှိတဲ့အတွက် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ယခင်လ ၂၅ ရက် နောက်ဆုံးပေးသွင်းရန် သတ်မှတ်ထားခြင်းကို ကင်းလွတ်ခွင့်ပြုမှာ ဖြစ်တဲ့အပြင် ဓာတ်အားဖြတ်တောက်ခြင်းများကိုလည်း တစ်လတာအတွက် ယာယီဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုကင်းလွတ်ခွင့်ပေးခြင်းက စက်တင်ဘာလ တစ်လတာအတွက်သာဖြစ်ပြီး၊ နောက်လများတွင် ယခင်သတ်မှတ် ရက်အတိုင်းသာ ပေးဆောင်ရမှာဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြိုနယ်မီးလင်းရေးဦးဆောင် ကော်မတီက အသိပေးထားခြင်းဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN