သံတမန်ရေးမှာ မြန်မာပြည်သူများကို မျက်နှာမူတဲ့မူဝါဒ လက်ကိုင်ထားကြောင်း တရုတ်သံအမတ်ပြော


(ပြည်တွင်း) စက်တင်ဘာ ၃၀

စက်တင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ တရုတ်သံအမတ် မစ္စမာကျား က တမန်ဆက်ဆံရေးမှာ မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် မျက်နှာမူကာ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကိုသာ လက်ကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာပြည်သူများရဲ့ စိတ်နှလုံးချင်းဆက်နွယ်မှုကို အဆက်မပြတ်မြှင့်တင်ကာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်စေခြင်းက နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်သော အကျိုးရလဒ် ဖြစ်စေမှာဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို နစကအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် နစကဝန်ကြီးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN