လာမယ့်အောက်တိုဘာလမှာ ကုန်သေတ္တာတင်ယာဉ် ၅၂ စင်းဝင်ရောက်မည်


(ပြည်တွင်း) စက်တင်ဘာ ၃၀

လာမယ့် အောက်တိုဘာလမှာ ကုန်သေတ္တာတင်ယာဉ် ၅၂ စင်းဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။ ပြည်တွင်းသို့ ယခုနှစ်ရဲ့ ၇ လအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၆၄ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ပါတယ်။

လအလိုက် ဆိုက်ကပ်မှုအနေနဲ့ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း ၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊စက်တင်ဘာလတွင် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ပါတယ်။

ရန်ကုန် ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ် လျက်ရှိရာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN