လက်ဘနွန်၏ အချုပ်အခြာအာဏာကို ကာကွယ်ရမည်ဟု ဆော်ဒီပြော


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ၏ အချုပ်မခြာအာဏာနှင့် ပိုက်နက်နယ်မြေကို လေးစားရန်လည်း နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al-Saud ကဆိုသည်။

လက်ဘနွန်နိုင်ငံတဝှမ်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော်ထိသေဆုံးခဲ့ပြီးနောက် လက်ဘနွန်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN