ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မီးလောင်မှု ဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နယ်မြေ (၃)တွင် ယနေ့နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နယ်မြေ (၃)၊ သီရိရတနာဟိုတယ်ဘေးရှိ ဒေါ်ရှင်းရှင်း(ကိုယ်ရေးစိစစ်ဆဲ)ပိုင်ဆိုင်သည့် အလျား(၅၀)ပေ၊ အနံ(၅၀)ပေ၊ အမြင့် (၁၅)ပေခန့်ရှိ (၅)ခန်းတွဲ (၂)ထပ် အဆောက်အဦ၌ လူနေထိုင်ခြင်းမရှိသည့် အခန်းအမှတ်(၂၇)တွင်တပ်ဆင် ထားသော(၄)ပေ မီးချောင်းချုပ်အတွင်း အသုံးပြုသည့် ဝါယာကြိုးများ ဆွေးမြေ့ပေါက်ပြဲရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိ ပူးပေါင်းအဖွဲ့များက မီးငြှိမ်းသတ်ယာဥ် (၃)စီး၊ ရေသယ်ယာဥ် (၁)စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုကြောင့် အခန်းအတွင်းရှိ ပလပ်ခုံများ၊ ဝါယာကြိုးများနှင့် ကော်ဇောအချို့ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် (၂)သိန်းခန့် ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်ရှင်းရှင်း (ကိုယ်ရေးစိစစ်ဆဲ)အား တောင်ကြီးနယ်‌မြေရဲစခန်း၌ ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN