ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် Smart cardပြုလုပ်ပေးနေစဥ်အတွင်း ဗုံးပေါက်ကွဲ


(ပြည်တွင်း)စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်အနောက်ဖက်ခြမ်းရှိ၊စက်ဆန်း၊အောက်ရုံ၊အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့မွန်းတည့်၁၂နာရီအချိန်ခန့်က ပြည်သူများအား Smart cardပြုလုပ်ပေးနေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပရဟိတအဖွဲ့တဖွဲ့မှနွမ်းပါးသူများကိုလှူဒါန်းရန်အတွက်ဟုဆိုကာ ဖုန်းဖြင့်ချိတ်ဆက်၍ဆန်အိတ်များ၊ဆီပုံးများ၊ခေါက်ဆွဲခြောက်များပေးပို့ခဲ့ကြောင်း၊အဆိုပါ ဆန်အိတ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ ရုံးတွင်းရှိ Smart cardပြုလုပ်ရန် ရောက်ရှိ​နေသူကျား၄ဦး၊မ၃ဦး ဗုံးစထိမှန်ဒါဏ်ရာ ရရှိခဲ့ပြီး ကျား ၁ဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရသည်၊၊

အလားတူ တစ်ချိန်တည်းမှာပင် စက်ဆန်းရပ်ကွက်ရှိ၊အုပ်ချုပ်ရေးမှူးရုံးခွဲတွင်လည်း ဆီပုံးများကြားမှပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ကျား ၃ဦး၊ မ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)သို့ ရောင်စဉ်မဲ့လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ထားရှိပြီး အခင်းဖြစ်နေရာအား လူအသွားအလာကန့်သတ်ထားရှိပြီးအမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားထားရှိကြောင်း ကနဦးသတင်း ရရှိသည်။

#PAN