မြောက်ကယ်ရိုလိုင်းနားတွင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ခရိုင်တစ်ခုတွင် လူ ၃၀ သေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

ဟယ်လင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ခရိုင်တစ်ခုတွင် လူပေါင်း ၃၀ ခန့်သေဆုံးခဲ့ကြောင်းသိရသည်။

ဖလော်ရီဒါနှင့် ဂျော်ဂျီယာတို့အား ဖြတ်သန်းတိုက်ခတ်ပြီးနောက် Buncombe ကောင်တီသည် မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရကြောင်းသိရသည်။

ဟယ်လင်မုန်တိုင်းသည် ဖလော်ရီဒါပြည်နယ်အား ဖြတ်သန်းတိုက်ခတ်စဉ် လူပေါင်း ၁၀၅ ဦးအထိသေဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် လူထောင်နှင့်ချီ အကူအညီလိုအပ်နေပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

အမေရိကန်နိုင်ငံတဝှမ်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုူံးမှုတန်ဖိုးမှာ ၉၅ဘီလီယံမှာ ၁၁၀ ဘီလီယံအထိ ရှိနိုင်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN