နီပေါမှာ ရွာသွန်းခဲ့တဲ့စံချိန်တင် မိုးကြောင့် လူပေါင်း ရာကျော် သေဆုံး

(နိုင်ငံတကာ) စက်တင်ဘာ ၃၀

နီပေါမှာ ရွာသွန်းခဲ့တဲ့စံချိန်တင် မိုးကြောင့် လူပေါင်း ရာ ကျော် သေဆုံးကာ ဒါဇင်နဲ့ချီတဲ့ ပြည်သူတွေလည်း ပျောက်ဆုံးနေတယ်လို RT သတင်းတစ်ရပ်အရ သိရပါတယ်။

အဲ့ဒီ ရေကြီးမှုတွေကြောင့် လူနေအိမ်တွေ တံတားတွေနဲ့ ကားတွေပါ မျောပါသွားခဲ့ရပြီး ခတ္တမန္ဒူမှာရှိတဲ့ ရပ်ကွက်တွေအကုန်လုံးကလည်း ရေနစ်မြုပ်နေတယ်လို ဆိုပါတယ်။

မြေပြိုမှုတွေကြောင့် အဝေးပြေးလမ်းတွေ ပိတ်ဆိုခဲ့ရပြီး ရာနဲ့ချီတဲ့ ခရီးသည်တွေလည်း သောင်တင်နေပြီး နေရာအများစုမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လည်း ပြတ်တောက်နေပါတယ်။

အခုအချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး သေဆုံးသူဦးရေအတွက်လည်း တိုးလာဖိုရှိတယ်လိုလည်း အာဏာပိုင်တွေက ပြောပါတယ်။

#PAN