နီပေါနိုင်ငံတွင် ရေကြီးမြေပြိုမှုများကြောင့် လူ ၂၀၀ ဝန်းကျင်သေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

နီပေါနိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေကြီးနစ်မြုပ်မှုနှင့်မြေပြိုကျမှုများ ဖြစ်ပွားကာ လူသေဆုံးမှုမြင့်တက်နေကြောင်းသိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ဖြစ်ပေါ်ခဲ့သည့် အဆိုပါရေကြီးနစ်မြုပ်မှုများတွင် လူပေါင်း ၂၀၀ နီးပါးအထိသေဆုံးခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အိမ်ခြေ ၃၂၂ လုံးနှင့် တံတား ၁၆ စင်း ပျက်စီးခဲ့ပြီး လူပေါင်း ၄၀၀၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏အဆိုအရ မြို့တော် ခတ္တမန္ဒူနှင့် အနီးတစ်ဝိုင်တွင်လည်း ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများရှိခဲ့ပြီး ခတ္တမန္ဒူတောင်ကြားဒေသတွင် သေဆုံးသူ ၄၃ ဦးအထိရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN