ခင်ဦးမြို့နယ် မကျီးတုံကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) စက်တင်ဘာ ၃၀

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံရွာအနီး နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက် PDF ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမား ၂ ဦး အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းသမားများစီးနင်းလာသောဆိုင်ကယ်အား ရပ်တန့်စေရာ မရပ်တန့်ပဲ မောင်းနှင်းထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ Type -81 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၅ တောင့်၊ ဆိုင်ကယ် ၁ စီး၊ PDF ဘတ်တံဆိပ် ၂ စုံ တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN