အင်းလေးဒေသမှာ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောမှုများ ဖြစ်ပွားနေ


(ပြည်တွင်း) စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်းကနေတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောမှုများ စတင်ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသတွင်းကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသူ ၂၀ ကျော်ဝန်းကျင်ရှိပြီး ဒေသန္တာရကျန်းမာရေးဦးစီးဌာနက ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ အင်းလေးဒေသမှာ သန့်ရှင်းတဲ့ သောက်သုံးရေကူညီထောက်ပံ့မှုများ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက် အင်းလေးဒေသရဲ့ မြေပြင်အခြေအနေမှာ ရေနစ်မြှုပ်နေတဲ့ နေအိမ်များရှိနေသေးပြီး အချိုမှာ နီးစပ်ရာဘုန်းကြီးကျောင်းများမှာ စုဝေးနေထိုင်ကြရတယ်လို့ သိရပါတယ်။

အင်းလေးရေပြင်က စက်တင်ဘာ လ ၉ ရက်မှစတင် ရွာသွန်းတဲ့ မိုးရေချိန်ကြောင့် ယခင်ရေပြင်ထက် ၁၀ ပေမြင့်တက်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေများရေနစ်မြှုပ်ခဲ့ရကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN