လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် ရှီဂဲရု အီရှီဘာ ရွေးချယ်ခံရပြီး ဂျပန်နိုင်ငံ ၏ နောက်လာမည့် ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

(နိုင်ငံတကာ)စက်တင်ဘာ ၂၈

    ဂျပန်နိုင်ငံ၏ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ရှီဂဲရု အီရှီဘာ ကို ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။ ပါတီအထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်သူ အီရှီဘာ သည် နောက်လာမည့် ဝန်ကြီးချုပ်ဖြစ်လာရန် ယခုအခါ သေချာသလောက်ရှိနေပြီဖြစ်သည်။

       ဂျပန်နိုင်ငံကို အားလုံးငြိမ်းချမ်းပျော်ရွှင်နေထိုင်နိုင်ပြီး လုံခြုံမှုရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ် ကြောင်း အီရှီဘာ က ပြောသည်။

       အသက် ၆၇ နှစ်အရွယ် အီရှီဘာ သည် ၁၉၆၈ ခုနှစ်က အောက်လွှတ်တော်တွင် ပထမဆုံးရွေးကောက်ခံ ခဲ့ရသည်။ ထိုအချိန်က အသက် ၂၉ နှစ်အရွယ်သာ ရှိသေးသည့် ၎င်းသည် အသက်အငယ်ဆုံး အောက် လွှတ်တော် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။

       အီရှီဘာ က စီးပွားရေးလုံခြုံရေးဝန်ကြီး တာကာအိချိ ဆာနာအဲ ကို ၁၉၄ မဲ – ၂၁၅ မဲဖြင့် အနိုင်ရရှိသည်။ ၎င်းသည် ပါတီခေါင်းဆောင်ဖြစ်လာရန် ပဥ္မအကြိမ်မြောက် နောက်ဆုံးကြိုးပမ်းမှုဟုလည်း ဆိုခဲ့သည်။

      အီရှီဘာ သည် အစိုးရအဖွဲ့သို့ ကာကွယ်ရေးအေ ဂျင်စီ အကြီးအကဲအဖြစ် ၂၀၀၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးအပြင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းအနေဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီတွင်လည်း အမှုဆောင် ရာထူးများကို ထမ်းဆောင်ခဲ့ဖူးသည်။ ၎င်းကို အမျိုးသားလုံခြုံရေးမူဝါဒ ကျွမ်းကျင်သူအဖြစ် လူသိများသည်။ အီရှီဘာ သည် တိုက်လေယာဉ်များနှင့် တပ်မတော်ရေယာဉ်များ၏ ပလတ်စတစ်မော်ဒယ်များ တည်ဆောက်ခြင်းကို နှစ် သက်သူတစ်ဦးဖြစ်သည်။

#PAN