ပို့ကုန်ရငွေပေးသွင်းတဲ့ ကုမ္ပဏီ ၅၉ ခုနဲ့ ဒါရိုက် တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းမှ ပယ် ဖျက်

(ပြည်တွင်း) စက်တင်ဘာ ၂၈

       ပို့ကုန်ရငွေစာရင်းများ ရှင်းလင်းပြီးဖြစ်တဲ့ ကုမ္ပဏီ ၅၉ ခုနဲ့ အဆိုပါကုမ္ပဏီတွေရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေကို အမည်မည်းစာရင်းကနေ ပယ် ဖျက်ပေးခဲ့ကြောင်းလို့ စက်တင်ဘာလ ၂၆ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

       ၂၀၁၉ ခုနှစ်မှာ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန် လည်ဝင်ရောက်တာမရှိတဲ့ ကုမ္ပဏီ ၁၃၇ ခုကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီ ၁၃၇ ခုအနက် ကုမ္ပဏီ ၅၉ ခုဟာ ပို့ကုန်ရငွေများ အပြည့်အဝပြန်လည်ဝင်ရောက်ပြီး ဖြစ်တဲ့အတွက် အဆိုပါ ကုမ္ပဏီ ၅၉ ခုနဲ့ ဒါရိုက် တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ် ကြောင်း ကြေညာချက်အရ သိရပါတယ်။ 

       ဒါ့အပြင် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးအတွက် ဖြေလျော့ပေးသော ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း၌ ပို့ကုန်တင်ပို့သူများအနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်အထိ တင်ပို့ခဲ့သည့် ED များအတွက် မပျက် မကွက်ပြန်လည်ပေးသွင်းရန် ထပ်မံနှိုးဆော်ထားပါတယ်။

       မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်းကို စက် တင်ဘာလ ၂၇ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ထုတ်ပြန်ဖော်ပြထားပါတယ်။

#PAN