တရုတ်အိုးပင်းမှာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ အိုဆာကာ


(အားကစား) စက်တင်ဘာ ၂၈

ဂျပန်တင်းနစ်မယ် အိုဆာကာ ဟာ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အိုးပင်းပထမအဆင့်ပွဲမှာ အိုဆာကာနဲ့ အီတလီ တင်းနစ်မယ် ဘရွန်ဇက်တီတို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူအက်စ်အိုးပင်းမှာ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရတဲ့ အိုဆာကာ ဟာ အခုပွဲစဉ်မှာတော့ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး ဘရွန်ဇက်တီ ကို ဖိအားပေးကစားထား နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပွဲကစားချိန် ၁ နာရီနဲ့ မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး အိုဆာကာ က ၆း၃၊ ၆း၂ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။

အိုဆာကာ ဟာ အခုပြိုင်ပွဲချန်ပီယံဆုကို ၂၀၁၉ ခုနှစ်မှာ ရရှိထားတဲ့ ချန်ပီယံဟောင်းဖြစ်သလို နည်းပြသစ်နဲ့ ပွဲဦးထွက်မှာ ရလဒ်ကောင်းကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ပွဲမှာတော့ အိုဆာကာ ဟာ ကာဇက်စတန်တင်းနစ်မယ် ပူတင်ဆီဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN