စလေမြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအား အကြမ်းဖက် PDF များမှ သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေမြို့ ၊ စလင်း‌တောင်‌ကျေးရွာအုပ်စု၊ စလင်းတောင် နှင့် ဝင်္ကာဘာကျေးရွာကြား မြေသားလမ်းအနီး ယာခင်းဘေး အစပ်တွင် ယမန်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က လူတစ်ဦးလဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံး‌နေသူမှာ ဦးဇော်ဦး၊ အသက် ၄၇ နှစ်၊(ဘ)ဦးအောင်တိုး၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ‌ နေသူဖြစ်ပြီး ၎င်းတွင် ယာပါး‌ ပြောင်းချောသေနတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အား ဓါးဖြင့် ထိုးသွင်းမှုကြောင့် အူထွက် ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးလျှက်တွေ့ရှိရကြောင်း သိရသည်။

၎င်းသေဆုံးသူ ဦးဇော်ဦး သည် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်ပြီး အကြမ်းဖက် PDF များမှ လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်ခံထားရသူတစ်ဦးဖြစ်သဖြင့် မိသားစုဝင်များအားအသိပေးခြင်းမရှိဘဲ တစ်ခါတစ်ရံ ယာခင်းတဲ(သို့)ခင်မင်သည့် မိတ်ဆွေများထံသို့ ထွက်ပြေးတိမ်းရှောင်‌လေ့ရှိကြောင်း၊ ၂၆-၉-၂၀၂၄ ရက်နေ့တွင် အကြမ်းဖက် PDF များသည် ပွင့်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်အား ပွင့်လင်းကျေးရွာအတွင်း သေနတ်များပစ်ခတ်၍ ဝင်ရောက် ရှာဖွေနေကြောင်း သတင်းကြားသိသဖြင့် ညောင်ချောင်းကျေးရွာနေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများနှင့် တွေ့ရှိသွားပြီး ဖမ်းဆီးခေါ် ဆောင်သတ်ဖြတ်သွားခြင်း ဖြစ်နိုင်​​ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

သေဆုံးသူအနီးတွင် SHAKTIMAN 12 EXPRESS ပြောင်းချော ကျည်ခွံ ၁ ခုတွေ့ရှိခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား “သံဝေဂ” နာရေးကူညီမှုယာဉ်ဖြင့် စလေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN