ကားပါတ်အောက်၌ ငါးဝင်ဖမ်းသည့်အမျိုးသား ၃ ဦး အုတ်ရိုးပိကာ ၂ ဦးသေဆုံး


(ပြည်တွင်း) စက်တင်ဘာ ၂၈

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကွက်သစ်အတွင်း ကားပါတ်အောက်၌ ငါးဝင်ဖမ်းသည့် အမျိုးသား ၃ ဦး အုတ်ရိုးပိကာ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သဲကျွန်းကွက်သစ်အတွင်းရှိ ကားပါတ်အောက်သို့ ဦးနိုင်တိုး၊ ဝေယံစိုး၊ ဦးဝင်းကြိုင် သဲကျွန်းကျေးရွာနေသူ တို့ ၃ ဦးမှာ ငါးဝင်ရောက်ဖမ်းစဥ် ကားပါတ်အောက် Head wall နံရံပြိုကျပြီး ဦးနိုင်တိုး နှင့် ဦးဝင်းကြိုင် တို့ ၂ ဦးမှာ အုတ်ရိုးပိသေဆုံး၍ ဦးဝေယံစိုး(သတိလစ်)(စိုးရိမ်ရ)ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရရှိသူ ဦးဝေယံစိုးအား “သီရိသုခ”ပရဟိတအသင်းပိုင် ယာဥ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ အုတ်ရိုးပိသေဆုံးနေသော ဦးနိုင်တိုး နှင့် ဦးဝင်းကြိုင် တို့ ၂ ဦးတို့အား ဆယ်ထုတ်နိုင်ရေး စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN