DARPA က အဆင့်မြင့် AI လေကြောင်းတိုက်ပွဲစနစ်အတွက် ဒေါ်လာ လေးသန်း ရင်းနှီးမြှုပ်နှံ

(နိုင်ငံတကာ) စက်တင်ဘာ ၂၇


အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးဆိုင်ရာအဆင့်မြှင့်သုတေသန စီမံကိန်း များ အေဂျင်စီ (DARPA) က အဆင့်မြှင့် AI လေကြောင်းတိုက်ပွဲစနစ်အတွက် ဩစတြေးလျနိုင်ငံရှိ BAE Systems ကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ လေးသန်း ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ AI စစ်ကူ စီမံကိန်း အဆင့်(၁)ကို သုတေသနနှင့်ဖွံဖြိုးတိုးတက်မှုများလုပ်သွားမှာဖြစ်တယ်လို DARPA ၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

AI စစ်ကူစီမံကိန်းသည် လေကြောင်းတိုက်ပွဲ၏စိန်ခေါ်မှုများ၊ အလိုအလျောက်စနစ်သုံး ပစ္စည်းများပေါင်းစည်းမှုအပေါ် ရှုပ်ထွေးမှုဖြစ်စေသည့် သေချာရေရာမှုမရှိသော ပတ်ဝန်းကျင်အခြေအနေကို ကျော်လွှားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ထိုပြင် မျက်စိဖြင့် မမြင်နိုင်သည့်နေရာရှိ ရည်မှန်းချက်များကို လေကြောင်းတိုက်ပွဲအတွက် လွှမ်းမိုးမှုရှိနိုင် သည့် အလိုအလျောက်စနစ်ကို ထုတ်ဖော်နိုင်ရန် အဆိုပါစီမံကိန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါ အချက်သည် စီမံကိန်း၏ရည်မှန်းချက်များဖြစ်ပြီး ယင်းစီမံကိန်းမှ ထွက်ပေါ်လာမည့် အကျိုးကျေးဇူးများကို F-16 တိုက် လေယာဉ်များတွင် တပ်ဆင်စမ်းသပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN