ရေလွှမ်းမှုဘေး ကာကွယ်ရေး


(ပြည်တွင်း) စက်တင်ဘာ ၂၇

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တိုင်ဖွန်းမုန်တိုင်း ရာဂီ(Typhoon Yagi)ကြောင့် အရှေ့တောင်အာရှနိုင်ငံများ၌ ပြင်းထန်စွာ သက်ရောက်ခဲ့ပါသည်။

ရာဂီကြောင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်နှင့် လာအိုတိုတွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများကြောင့် သေဆုံးမှုများနှင့် အိမ်ရာပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ရာဂီသည် အရှေ့တောင်အာရှတွင် ဒေသတွင်းလူနေမှုပုံစံများ အထိခိုက်ဆုံးသော တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပြီး တိုင်ဖွန်းမုန်တိုင်းရာဂီ၏ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်ကိုးခုအတွင်း ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူသေဆုံးမှုများ၊ အိမ်ရာပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို ဆုံးရှုးမှုများမဖြစ်ပေါ်စေရန် ရေလွှမ်းမိုးမှုများ ကြုံတွေ့လာပါက အောက်ပါအတိုင်း အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည် –
(က) ရေမကြီးမီ ပြင်ဆင်မှု၊
(ခ) ရေကြီးနေစဉ် တုံပြန်မှု၊
(ဂ) ရေကြီးပြီး ပြန်လည်ထူထောင်မှု

(က)ရေမကြီးမီ ပြင်ဆင်မှု

(၁) သတင်းရယူပါ။
ဒေသခံသတင်းများ၊ ရာသီဥတုနောက်ဆုံးအခြေအနေများ၊ သတိပေးချက်များကို ဖုန်း၊ တီဗွီ၊ ရေဒီယို သိုမဟုတ် ရာသီဥတု App များမှ ကြည့်ရှုပါ။ အရေးပေါ် သတိပေးချက်များကို မှတ်သားပါ။

(၂) အရေးပေါ်အစီအစဉ်ရေးဆွဲပါ။
ထွက်ပြေးရန် လမ်းကြောင်းနှင့် မြင့်မားသောနေရာသို ရောက်ရန် စီစဉ်ထားပါ။ မိသားစုအားလုံး အဆိုပါအစီအစဉ်ကို သိရှိအောင်လုပ်ပါ။

(၃) အရေးပေါ်လိုအပ်သောအထုပ်ပြင်ဆင်ပါ။
ရေ၊ အစာ၊ ဆေးဝါးများ၊ ပထမဆုံးအကူအညီပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အရေးကြီးစာရွက် စာတမ်းများ (ရေစိုခံ အထည်များထဲတွင်ထည့်ပါ) နှင့် အဝတ်အထည်များ အထုပ်ထဲတွင် ထည့်ပါ။

(၄) မိမိပစ္စည်းများကို ကာကွယ်ပါ။
အရေးကြီးပစ္စည်းများနှင့် စာရွက်စာတမ်းများကို အိမ်အပေါ်ထပ် (အမြင့်နေရာ)သို ပြောင်းရွှေ့ပါ။ ခြံအတွင်းရှိ ပရိဘောဂများကို အိမ်ထဲသို သွင်းထားပါ။ ရေသွယ်ဝင်မှုကို သဲအိတ်များဖြင့် တားဆီး ကာကွယ်ပါ။

(၅) လျှပ်စစ်နှင့် ရေပူစနစ်များ ပိတ်ပါ။
ရေကြီးနိုင်သည်ဟု သံသယရှိပါက လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နှင့် ရေအပူစနစ်များကို ပိတ်ထားခြင်းဖြင့် ထိခိုက်မှုများမှ ကာကွယ်ပါ။

(ခ) ရေကြီးနေစဉ် တုံပြန်မှု
(၁) မိမိနေရာမှ ချက်ချင်းထွက်ပါ။

သက်ဆိုင်ရာအာဏာပိုင်များထံမှ သတိပေးချက်ကိုရရှိပါက ချက်ချင်းထွက်ခွာပါ။ နီးစပ်ရာကယ်ဆယ်ရေးစခန်းသိုသွားပါ သိုမဟုတ် မြင့်မားသောနေရာသို ပြောင်းရွှေ့ပါ။

(၂) ရေစီးကြောင်းများအတွင်း မဝင်ပါနှင့်။
ရေစီးကြောင်းများထဲတွင် လမ်းမလျှောက်ပါနှင့်။ ကားမမောင်းပါနှင့်။ ရေသည် မျက်မြင်ထင်မှတ်သည်ထက် ပိုမိုနက်ရှိင်း၍ ပြင်းထန်နိုင်သည်။ ရေစီးကြောင်းပမာဏ ငါးလက်မလောက်သာရှိလျှင်လည်း လူတစ်ဦးကို ဆွဲခေါ်နိုင်ပါသည်၊ နှစ်ပေလောက်သာရှိသော ရေစီး ကြောင်းကလည်း မော်တော်ယာဉ်များကို အလွယ်တကူ ဆွဲခေါ်နိုင်ပါသည်။

(၃) အိမ်အတွင်းနေပါ (လုံခြုံလျှင်)။
ထွက်ပြေး၍မရနိုင်ပါက အိမ်အပေါ်ထပ် သိုမဟုတ် အိမ်မိုး အထက်သိုတက်ပါ။

(၄) သတင်းရယူနေပါ။
ဒေသတွင်းရာသီဥတုနှင့် အရေးပေါ်သတိပေးချက်များကို ဆက်လက်ကြည့်ရှုပါ။

(၅) လျှပ်စစ်ပစ္စည်းများ မသုံးပါနှင့်။

အိမ်အတွင်း ရေပြည့်နေပါက လျှပ်စစ်ပစ္စည်းများကို မထိ၊ မဖွင့်ပါနှင့်။

(ဂ) ရေကြီးပြီး ပြန်လည်ထူထောင်မှု

(၁) ပြန်လာစဉ် လိုက်နာပါ။
သက်ဆိုင်ရာအာဏာပိုင်များ ပြန်လည်ဝင်ရောက်ခွင့်ပြုသည့်အခါမှသာ ပြန်လာပါ။ လျှပ်စစ်ကြိုးပြတ်ကျနေမှုများ၏ အန္တရာယ် များကို သတိပြုပါ။

(၂) ညစ်ညမ်းသောရေကို သတိပြုပါ။
ရေလွှမ်းမိုးခဲ့သည့် ရေများသည် ညစ်ညမ်းသောရေများဖြစ်နိုင်ပြီး ပိုးမွှားများ၊ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်။ ယင်းရေများနှင့် ထိတွေ့မှုကို ရှောင်ရှားပြီး သောက်သုံးမည့်ရေ၏ သန့်ရှင်းမှုကို စစ်ဆေးပါ။

(၃) ပျက်စီးမှုများ စစ်ဆေးပါ။
အိမ်ပြန်ရောက်လာပြီးသည်နှင့် အိမ်၏နဂိုတည်ဆောက်ပုံအတွင်းနှင့် အပြင်ကို စစ်ဆေးပါ။ အိမ်အရိုးအဆစ်ပျက်စီးမှုရှိပါက မခိုင်မာပါက အိမ်ထဲသို မဝင်ပါနှင့်။

(၄) ရေလွှမ်းမိုးထိခိုက်မှုများကို သန့်ရှင်းပါ။
ရေလွှမ်းမိုးမှုထိခိုက်ခံခဲ့ရသော ပစ္စည်းများနှင့် နေရာများကို ပြန်လည်သန့်စင်၍ ပိုးမွှားများနှင့် ညစ်ညမ်းမှုများကို ဖယ်ရှားပါ။

(၅) အကူအညီရယူပါ။
ဒေသခံအာဏာပိုင်များ သိုမဟုတ် ကယ်ဆယ်ရေးအဖွဲများထံသို အကူအညီတောင်းခံပါ။

အထက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် မိမိနှင့် မိမိမိသားစုများ၏ အသက်အန္တရာယ်များနှင့် မိမိတို၏ပစ္စည်းများ ဆုံးရှုး ထိခိုက်မှုများမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဒေါက်တာ ဝင်းဝင်းမျိုး

Telegram»…
https://t.me/positiveanglenews

PAN