ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် စကားဝါမြေ ခရီးသယ်ယာဉ်တိမ်းမှောက်


(မှုခင်း)စက်တင်ဘာ ၂၇

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/၄နှင့် ၅၇/၅ ကြားတွင် ယနေ့နံနက် ၅ နာရီ ၅၅ မိနစ်အချိန်ခန့်က ကုန်စိမ်းများ တင်ဆောင်လာသော စကားဝါမြေ ခရီးသယ်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ဘောနီအမြန်လမ်းမီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ခရီးသည်ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၃ ဦးအနက် ယာဉ်မောင်း ကျား ၁ ဦးမှာ(ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရ)ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN