မြန်မာ-ရုရှား မီဒီယာကဏ္ဍပူးပေါင်းလုပ်ဆောင်မည်


(ပြည်တွင်း) စက်တင်ဘာ ၂၇

မြန်မာ-ရုရှားနှစ်နိုင်ငံ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုရှားနိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအသင်း ဒု-ဥက္ကဋ္ဌ Mr. Alexander OSTROVSKIY တို့ စက်တင်ဘာလ ၂၅ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်း စီစဉ်ရိုက်ကူးထုတ်လွှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားကဏ္ဍပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများကြား ဆက်သွယ်ဆက်ဆံမှု ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရေးတို့ ပါဝင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN