ဂျပန်အာဏာရပါတီမှ ခေါင်းဆောင်သစ်ကိုရွေးချယ်မည်


(နိုင်ငံတကာ) စက်တင်ဘာ ၂၇

ဂျပန်အာဏာရပါတီ LDP လက်ရှိ ဝန်ကြီးချုပ် Fumio Kishida က လာမည့်လအတွင်း နိုင်ငံရေးရာထူများမှ နှုတ်ထွက်မည်ဟု ကြေညာပြီးနောက် ၎င်းတို့၏ ပါတီခေါင်းဆောင်အသစ်အား ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် LDP ပါတီ၏ ခေါင်းဆောင်ဖြစ်ရန် လူ ၃ ဦးက ရေပန်းစားနေပြီး အသက် ၆၇ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်း Shigeru Ishiba ဖြစ်ပြီး ၎င်းနောက်တွင် မျက်နှာသစ်တစ်ဦးဖြစ်သည့် Shinjiro Koizumi နှင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ရန် ကြိုးပမ်းနေသူ အသက် ၆၃ နှစ်အရွယ် Sanae Takaichi တို့ ရပ်တည်နေကြောင်းသိရသည်။

အဆိုပါ ပါတီတွင်းရွေးချယ်ပွဲအား ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသူသည် လက်ရှိ ဝန်ကြီးချုပ် Fumio Kishida နှုတ်ထွက်ပြီးနောက် လက်ကျန် သက်တမ်းတွင် ဝန်ကြီးချုပ်တာဝန်ကို အလိုလျောက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ဂျပန် ပြည်သူလူထုသည် LDP ပါတီအား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာအရှုပ်တော်ပုံများကြောင့် ပြည်သူလူထု၏ ယုံကြည်မှုလျော့နည်းနေခြင်းကြောင့် ယခုခေါင်းဆောင်သစ်ရွေးချယ်မှုမှတဆင့် ကတိကဝတ်အဖြစ် ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN