အာဖရိက နိုင်ငံအချို ရုရှားနှင့်ပူးပေါင်း၍ ဂြိုဟ်တုများလွှတ်တင်မည်


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

အာဖရိကဒေသရှိ နိုင်ငံအချို့က ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဂြိုဟ်တုများလွှတ်တင်သွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။

မာလီ၊ နိုင်ဂျာနှင့် ဘာကီနာဖာဆိုနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ဆာဟယ်နိုင်ငံများ မဟာမိတ်အဖွဲ့က ရုရှားနိုင်ငံရှိ Roscosmos နှင့်ပူးပေါင်း၍ ဂြိုဟ်တုများ လွှတ်တင်သွားမည်ဟု ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

လွှတ်တင်သွားမည့် ဂြိုဟ်တုများတွင် ဆက်သွယ်ရေးဂြိုဟ်တုနှင့် ကမ္ဘာမြေကို အဝေးမှ အာရုံခံထောက်လှမ်းသည့် ဂြိုဟ်တုများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ခြင်းကြောင့် မဟာမိတ်သုံးနိုင်ငံတွင် ရုပ်မြင်သံကြားနှင့်ရေဒီယို ထုတ်လွှင့်မှုကို ပိုမိုအဆင်ပြေစေမည်ဖြစ်ကာ ဖွံဖြိုးမှုနည်းပါးသော ဒေသများတွင် အင်တာနက်နှင့် တယ်လီဖုန်း ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်ကြောင်း မာလီ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

နောက်ထပ် ဂြိုဟ်တုမှာ နယ်စပ်များကို စောင့်ကြည့်ခြင်းဖြင့် လုံခြုံရေးကို ခိုင်မာအားကောင်းစေမည်ဖြစ်သည်ဟု RT သတင်းဌာန ဖော်ပြချက်အရသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN