အမေရိကန်က နျူကလီးယားရေငုပ်သင်္ဘောဖြင့် ခြိမ်းခြောက်ဟုဆို


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

အမေရိကန်က တောင်ကိုရီးယားနိုင်ငံရှိ ဘူဆန်ဆိပ်ကမ်း၌ နျူကလီးယားရေငုပ်သင်္ဘောကို ဆိုက်ကပ် ထားခြင်းအားဖြင့် ခြိမ်းခြောက်မှုကို တိုးမြှင့်လုပ်ဆောင်လာနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမ ကင်ယိုဂျုံ ကပြောသည်။

USS Vermont ရေငုပ်သင်္ဘောသည် ဘူဆန်ရေတပ်စခန်းသို စက်တင်ဘာလ ၂၃ ရက်တွင် ဆိုက်ကပ်လာခြင်းဖြစ်ပြီး ထိုသို ဆိုက်ကပ်မှုက အမေရိကန်အနေဖြင့် နျူကလီးယားလက်နက်များကို ထုတ်ဖော်ပြသရန် လုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကင်ယိုဂျုံ ကပြောသည်ဟု KNCA သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်တွင်ဖော်ပြထားသည်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တိုမှ ကာကွယ်ရေးဝန်ကြီးများက ကုလသမဂ္ဂ၌ တွေ့ဆုံပြီးနောက် ကင်ယိုဂျုံ က ယခုကဲ့သို ပြောခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN