အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊​ ဈေးပိုင်းရာအိမ်မှူးအား အကြမ်းဖက်သမားများက သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊​ ဈေးပိုင်း ရာအိမ်မှူးအား ယနေ့ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် အောင်ဆန်းရပ်ကွက်၊​ ဈေးပိုင်းရာအိမ်မှူး ဦးမင်းမင်းထွန်း အား အကြမ်းဖက်သမားများက ၎င်းရှိရာနေရာသို့ ကားဖြင့်ရောက်ရှိလာပြီး ဘယ်ဘက်ရင် အုံတည့်တည့်အား သေနတ်ဖြင့် တစ်ချက်ခန့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီ ဆေးကုသမှုခံယူရန် မင်္ဂလာဒုံစစ်ဆေးရုံကုတင်(၁၀၀၀)သို့ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN