မြောင်းမြမြို့ ၊ အောင်ဆန်းစျေးရှေ့တွင် ခြိမ်းခြောက်စာများတွေ့ရှိ


(ပြည်တွင်း) စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ၊ အောင်ဆန်းစျေးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ခြိမ်းခြောက်စာများတွေ့ရှိရကြောင်း သိရှိရသည်။

မြောင်းမြမြို့ ၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဆန်းလမ်းမကြီးရှိ အောင်ဆန်းစျေးရှေ့တွင် သတိပေးခြင်း မြောင်းမြ နှင့် အပိုင် အုပ်ကြီးများ ဝန်ထမ်းများ ဘောမများ ခဗျာတို့ လုပ်ရပ်တွေ ရက်တန်းကရက်ပါ မရက်တန့်ပါက အရေးယူမယ် အဖွဲ့ Aရာခေတ်စနစ် ဆိုပြီးရေးသားထားသော ခြိမ်းခြောက်စာများတွေ့ရှိရကြောင်း သိရှိရသည်။

​အဆိုပါ ခြိမ်းခြောက်စာများအား ဖြန့်ကျဲထားခဲ့သော အကြမ်းဖက်တရားခံများအား ဖမ်းစီးရမိရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN