ဖိုးခေါင်တိန်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတည်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ဖိုးခေါင်တိန်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအား ယနေ့ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့် အကြမ်းဖက် PDF (စိစစ်ဆဲ)အဖွဲ့မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရွာသစ်ကြီးကျေးရွာအုပ်စု၊ ဖိုးခေါင်တိန်ကျေးရွာနေ ဦးတင်ဦး(ကျေးရွာအုပ်ချုပ်ရေးမှူး)သည် ၎င်း၏နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF (စိစစ်ဆဲ)အဖွဲ့ မှ ၃ ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသော သေနတ်(စိစစ်ဆဲ)​ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN