ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှု ဆက်လက်ကျဆင်း


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် ဆက်လက်ကျဆင်းလျက်ရှိသည်ဟု ထိုင်း စက်မှုလုပ်ငန်းများအဖွဲ့ချုပ်က စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်လအတွင်း မော်တော်ကားထုတ်လုပ်မှုမှာ အစီးရေ ၁၁၉,၆၈၀ ရှိရာ ပြီးခဲ့သည့် နှစ်ကထက် ၂၀ ဒသမ ၅၆ ရာခိုင်နှုန်း ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့ပြင် ပြည်တွင်းမော်တော်ကား ဝယ်လိုအားမှာလည်း ဩဂုတ်လတွင် ၂၄ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ အဓိကအားဖြင့် ပစ်ကပ်ထရပ်များအတွက် ချေးငွေများ မရရှိတော့ ခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲချုပ် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း ဒုတိယဥက္ကဋ္ဌ ဆူရာဖောင် က ပြောသည်။

တစ်ချိန်တည်းမှာပင် လျှပ်စစ်စွမ်းအင်သုံး ကားများမှာ ဈေးကွက်ဝေစုကို ပိုမိုရရှိလာကြောင်း နှင့် ပြီးခဲ့သည့်လအတွင်း ၁၆ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN