ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe အား လက်ခံ တွေ့ဆုံ


(ပြည်တွင်း) စက်တင်ဘာ ၂၆

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦး ဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံလေ့ကျင့်ရေး ပိုင်းဆိုင်ရာများနှင့် စစ်ဘက်ဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး တက်ရောက် လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင် ရာ တရုတ်နိုင်ငံစစ်သံမှူးနှင့်အတူ စစ်သံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN