ဂျပန်က ထူးကဲအပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရမည်


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

ဂျပန်နိုင်ငံသည် အောက်တိုဘာလ အစောပိုင်းတွင် ထူးကဲအပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ပုံမှန်အားဖြင့် ဆောင်းရာသီဝင်လာသည့် ထိုအချိန်မျိုးတွင် ပျမ်းမျှအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် အထက်ရှိနေမည့် အခြေအနေမှာ ရှားပါးဖြစ်စဉ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတိုတွင်မူ လေအေးများဝင်ရောက်လာမည်ဖြစ်သောကြောင့် ပုံမှန်အပူချိန်ကို ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ထို့ပြင် အောက်တိုဘာလအတွင်း နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုများ အထူးသဖြင့် နိုင်ငံအနောက်ပိုင်းနှင့် ပစိဖိတ်ကမ်းရိုးတန်းဒေသတိုတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွား နိုင်ကြောင်း မိုးလေဝသဌာန၏ ခန့်မှန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN