အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်မှု သေဆုံးသူ ၅၅၈ ဦးရှိလာ


(နိုင်ငံတကာ) စက်တင်ဘာ ၂၅

အစ္စရေးက လက်ဘနွန်နိုင်ငံအပေါ် လုပ်ဆောင်သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၅၅၈ ဦး ရှိလာပြီဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူများတွင် ကလေးငယ် ၅၀ နှင့် အမျိုးသမီး ၉၄ ဦးပါဝင်ကာ ဒဏ်ရာရရှိသူ ၁,၈၅၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဖီရက်အာဘီယတ် ကပြောသည်။

ထို့ပြင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် လူနာတင် ယာဉ် ၁၄ စီးကို ထိမှန်ပြီး ဆေးဝန်ထမ်းလေးဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အစ္စရေးစစ်ဘက်က ဟစ်ဇဘိုလာကိုသာ ပစ်မှတ်ထားသည်ဟု ဆိုသော်လည်း အရပ်သားများ အပေါ်သာ တိုက်ခိုက်နေကြောင်း ၎င်းကပြောထားသည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN