ရုရှားနှင့်တရုတ်စစ်သင်္ဘောများ အိုခေါ့ခ်ပင်လယ်အတွင်း ဝင်ရောက်

(နိုင်ငံတကာ)စက်တင်ဘာ ၂၅

     ရုရှားရေတပ်ပစိဖိတ်ရေတပ်အုပ်စုမှ စစ်သင်္ဘောများနှင့် တရုတ်ရေတပ်စစ်သင်္ဘောများသည် ပူးတွဲရေတပ် လေ့ကျင့်မှုများအတွက် အနောက်ပစိဖိတ်ဒေသ အိုခေါ့ခ်ပင်လယ်ရေပြင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ရုရှား မီဒီယာများက စက်တင်ဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

       အိုခေါ့ခ် ပင်လယ်ဒေသ၌ ရုရှားရေတပ်နှင့် တရုတ်စစ်သင်္ဘောများအနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ Beibu-2024 အမည်ရှိ ရုရှားနှင့် တရုတ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်က ကြေညာထားသည်။

      အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရုရှားပစိဖိတ်ရေတပ်ရေငုပ် သင်္ဘောချေမှုန်းရေး ဖျက် သင်္ဘောနှစ်စီးအပါအဝင် ကမ်းရိုးတန်းအမြန်တိုက်ရေယာဉ်များနှင့် တရုတ်ရေတပ်မှ ဖျက် သင်္ဘောနှစ်စီး၊ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့်ဘက်စုံထောက်ပို့ရေယာဉ်တစ်စီးတို့ ပါဝင်ကြောင်း သိရသည်။

      အိုခေါ့ခ် ပင်လယ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် တရုတ်နှင့်ရုရှားရေတပ်စစ်သင်္ဘောများ အနေဖြင့် အမြောက်ပစ်ခတ်လေ့ကျင့်မှုများ၊ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်မည် ဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အိုခေါ့ခ်ပင်လယ်သည် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်၊ ကူရိုင်းကျွန်းစုနှင့်ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းစုတို့ကြား တည်ရှိသော ရေပြင်ဒေသ ဖြစ် ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN