ယာတောမှရွာသို့ပြန်လာသည့် အရပ်သားတစ်ဦးအား အကြမ်းဖက် PDF များမှ ဒလန် ခေါင်းစဥ်တပ်၍ သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးထောင်ကျေးရွာတွင် ယာတောမှရွာသို့ပြန်လာသည့် အရပ်သားတစ်ဦးအား လမ်းခုလပ်တွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက် PDF အဖွဲ့များမှ လမ်းမပေါ်တွင် လက်ပြန်ကြိုးတုပ်လျှက် ဓါးဖြင့်ဝိုင်းဝန်းထိုးခုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူမှာ မိုးထောင်ကျေးရွာနေသူ ဦးစိုးဝင်း၊ အသက် ၆၂ နှစ်ဖြစ်ပြီး ၎င်းတွင် လည်ပင်း ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဦးစိုးဝင်း ၏ သားမက်ဖြစ်သူ ဦးကျော်မြင့်သည် စစ်မှုထမ်း-ငြိမ်း၊ လက်ရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်ပြီး PDF များ၏ ခြိမ်းခြောက်မှု ကြောင့် ကျေးရွာတွင်မနေရဲဘဲ အခြားနေရာ၌ တိမ်းရှောင်နေထိုင်နေရကြောင်း၊ သားမက်ဖြစ်သူ ဦးကျော်မြင့် အား မတွေ့သဖြင့် ယောက္ခမဖြစ်သူ ဦးစိုးဝင်းအား ဒလန်ဟူသောခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်းဖြစ်နိူင်သည်ဟု ဒေသခံများမှ ပြောကြားနေကြောင်း သိရသည်။

ယခု ဖြစ်ပွားသည့် နယ်မြေဒေသမှာ အကြမ်းဖက်များ လှုပ်ရှားလွှမ်းမိုးသည့်နေရာဖြစ်သောကြောင့် ရုပ်အလောင်းအား သယ်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN