နေပြည်တော်စည်ပင် ဧည့်ရိပ်သာရဲ့ အခန်းငှားရမ်းခနှုန်းထားများကို ပြင်ဆင်သတ်မှတ်


(ပြည်တွင်း) စက်တင်ဘာ ၂၅

နေပြည်တော် စည်ပင်ဧည့်ရိပ်သာရဲ့ အခန်းငှားရမ်းခ နှုန်းထားများကို စက်တင်ဘာလ ၂၄ ရက်မှ စတင်ကာ ပြင်ဆင်သတ်မှတ်၍ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလိုပြင်ဆင်ကောက်ခံရာမှာ ရိုးရိုးခန်းကို ဝန်ထမ်းနှုန်းထားနဲ့ ၁၂,၆၀၀ ကျပ်နှင့် ပြင်ပနှုန်းမှာ ငှားရမ်းသူများ အတွက် ၁၈,၉၀၀ ကျပ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Aircon ခန်း ငှားရမ်းခများအနေနဲ့ ဝန်ထမ်းများ ၂၅,၂၀၀ ကျပ်နှင့် ပြင်ပမှ ငှားရမ်းသူများအတွက် ၃၁,၅၀၀ ကျပ် သတ်မှတ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိသားစုလိုက်တည်းခိုနိုင်တဲ့ ငုရွှေဝါဆောင်အတွက် ၅ ဦးစာ ၆၃,၀၀၀ ကျပ်ဖြစ်ပြီး ထပ်တိုး ၁ ဦးလျှင် ၁၂,၆၀၀ ကျပ်နဲ့ ၃ ဦးအထိ ထပ်တိုးတည်းခို နိုင်တယ်လို့ သိရပါတယ်။ ရိုးရိုးခန်းနှင့် Aircon ခန်းများမှာ ဧည့်သည် ၃ ဦး အထိ တည်းခိုနိုင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN