တရုတ်က ၁၂၄ မိုင်အထိ သွားနိုင်သည့် အသေခံဒရုန်းကို ထုတ်ဖော်ပြသ

(နိုင်ငံတကာ)စက်တင်ဘာ ၂၅

     တရုတ်နိုင်ငံ၏အကြီးဆုံးစစ်လက်နက်ပစ္စည်း ကန် ထရိုက်တာဖြစ်သည့် Norinco ကုမ္ပဏီက တရုတ် (ထိုင်ပေ)ကိုပင် ရောက်ရှိနိုင်သည့် တာဝေးအသေခံ ဒရုန်းတစ်မျိုးကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ အဆိုပါ ဒရုန်းသည် တစ်နာရီလျှင် မိုင် ၉၀ နှုန်းဖြင့် ၁၂၄ မိုင်အကွာအဝေးအထိ သွားနိုင်ကာ လေပေါ်တွင် ၁၀၅ မိနစ် အထိ နေနိုင်ကြောင်းနှင့် ပစ်မှတ်ကို မထိမီ ထိုပစ်မှတ်အပေါ်၌ အချိန်တစ်ခုအထိ ပျံဝဲနေနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      ထိုဒရုန်းသည် အမေရိကန်၏ Switchblade 600 ဒရုန်းနှင့်ပုံစံမှာ ဆင်တူသော်လည်း Norinco ၏ ဒရုန်းမှာမြင့်မားသော အကွာအဝေး ၊ အမြန်နှုန်းနှင့်စွမ်းဆောင်ရည်ရှိကြောင်း ကုမ္ပဏီ ၏ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထား သည်။

      အမေရိကန်တို့၏ Switchblade 600 ဒရုန်းမှာ တစ်နာရီလျှင် ၆၈ မိုင်နှုန်းဖြင့် ၂၅ မိုင်အထိသာ ပျံသန်းနိုင်ပြီး လေထဲတွင် မိနစ် ၄၀ ကြာ နေနိုင်သည်။ Norinco ကုမ္ပဏီက ယခုထုတ်ဖော်ပြသလိုက်သည့် အသေခံဒရုန်းမျိုးကို ကုန်ကျ စရိတ်အနည်းငယ်ဖြင့် အချိန်တိုအတွင်း ပမာဏအများအပြား ထုတ်လုပ်နိုင်သော ကြောင့် မည်သည့် ဒရုန်း ယှဉ်ပြိုင်မှုတွင်မဆို တရုတ်နိုင်ငံသို့ အရေးသာစေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ ထားသည်။ ထို့ပြင် အဆိုပါ ဒရုန်းများသည် တရုတ်(ထိုင်ပေ) အထိ ရောက်ရှိနိုင်စွမ်းရှိမည်ဖြစ်ကြောင်းနှင့် ယင်း ဒရုန်းများကို ပမာဏအများအပြားထုတ်လုပ်နိုင်မှု သည် ဒရုန်းစွမ်းအင်ချိန်ခွင်လျှာကို ပြောင်းလဲစေမည်ဖြစ်ကြောင်း Norinco ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#PAN